နေပြည်တော်    ၁၂   ဇွန်

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီ ခွဲက ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာအနီး၊ ဟိုပုံး-တောင်ကြီးသွားကားလမ်းတွင် မျိုးမင်းထွန်း  မောင်းနှင်လာသော TOYOTA MARK II အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့် ရှာဖွေရာ ငွေကျပ် ၁၅၀၅ ဒသမ ၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၆,၀၀၀ ၊  ဘိန်းဖြူ သုည ဒသမ ၉၆၈ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ညနေ ၅ နာရီက မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ်၊ လားရှိုး-မိုင်းယော်သွားကားလမ်း၊ နားဖကျေးရွာအနီးတွင် ရည်မွန်(ခ)ဦးချစ် မောင်းနှင်လာသည့် MITSUBISHI PAJERO IO အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊

 

ထို့အတူ ထိုနေ့ မွန်းလွဲ ၂ နာရီခွဲက ရပ်စောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရပ်စောက်မြို့ နယ်၊ မားသဲကျေးရွာအုပ်စု၊ ငါးပင်ရွာဟောင်းကျေးရွာနေ မျိုးထွန်း၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၃ ပြား ၊ မြန်မာငွေကျပ် ၂၆၀,၀၀၀ တို့ကိုလည်းကောင်း၊

 

အလားတူ ယင်းနေ့ နံနက် ၇ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး မိုင်းနောင်-မိုင်းနန်းကျေးရွာသွားလမ်းတွင် မသင်္ကာဖွယ်ရပ်တန့်ထားသော DONG FENG အမျိုးအစား ၆ ဘီးမော်တော်ယာဉ်ကိုစစ်ဆေးရာ ယာဉ်မောင်းအားမတွေ့ရှိဘဲ ယာဉ်ပေါ်မှ တော်လူအင်း(Toluene) လီတာ ၃,၆၈၀ ၊ အက်စီတုန်း(Acetone) လီတာ ၆၄၀ ၊ အီသိုင်း အက်စီတစ် (Ethylacetate) လီတာ ၁၆၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား