၁၂ ဇွန်

 

ထိုင်းနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျော့နည်းတဲ့နိုင်ငံတွေက လာရောက်မယ့် ခရီးသွားကို ပြန်လည် လက်ခံမယ်လို့ ဒီနေ့(သောကြာနေ့)မှာ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံခြား ခရီးသွားတွေကို ဘယ်နေ့မှာ စတင်လက်ခံမယ်ဆိုတာတော့ ထည့်သွင်း ကြေညာသွားခြင်းမရှိပါဘူး။ 

 

နိုင်ငံခြားသားခရီးသွားလုပ်ငန်းတွေကနေ နိုင်ငံ့ဝင်ငွေ ၂၀ ရာခိုင်နှုန်းလောက်ရရှိနေတဲ့ ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ဂိတ်တွေကို  ဧပြီလဆန်းပိုင်းက ပိတ်လိုက်ရာ သန်းချီတဲ့ ထိုင်းနိုင်ငံသားတွေ အလုပ်လက်မဲ့ ဖြစ်စေခဲ့ပါတယ်။ 

 

ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ ဇန်နဝါရီလကတည်း ပထမဦးဆုံး ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိလူနာပေါင်း ၃,၁၂၉ ဦးရှိပြီး သေဆုံးသူ ၅၈ ဦးရှိကြောင်း ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ 

 

ဗိုင်းရပ်စ်ပိုးကူးစက်မှု နည်းပါးတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဩစတြေးလျ နဲ့ နယူးဇီလန် နိုင်ငံတွေက  လာရောက်လည်ပတ်ရင် သီးသန့် ခွဲခြားနေထိုင်ရမယ့် ၁၄ ရက် မပါရှိကြောင်း ကိုရိုနာဗိုင်းရပ်ထိန်းချုပ်ရေး ဌာနရဲ့ ပြောခွင့်ရသူ တဝီဆန်က ပြောပါတယ်။

 

ခရီးသွားတွေက ထိုင်းနိုင်ငံကို မလာခင်နဲ့ ထိုင်းနိုင်ငံကို ရောက်ပြီးချိန်မှာ ကျန်းမာရေးစစ်ဆေးမှု ခံယူရမှာဖြစ်ပြီး ကျန်းမာရေးအာမခံလည်း ပါရှိမယ်လို့ ပြောပါတယ်။ 

 

ထိုင်းနိုင်ငံအနေနဲ့ အားကစားအတွက်လာရောက်မယ့် ခရီးသွား ဉပမာဂေါက်ကစားသူတွေက သူတို့ကစားမယ့် နေရာတစ်ခုမှာ နေထိုင်တဲ့အတွက် ဒေသခံတွေနဲ့ ထိတွေ့မှုနည်းပါးနိုင်ခြင်း၊  အလားတူ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျန်းမာရေး ဆေးကုသခံယူသူတွေကို အဓိကပစ်မှတ်ထားပြီး လက်ခံမယ်လို့ ဆိုပါတယ်။

 

လာမယ့်ရက်ပိုင်းအတွင်းမှာ ကျန်းမာရေးနဲ့ နိုင်ငံခြားသားခရီးသွားဝန်ကြီးဌာနတွေက ဘယ်လိုတွေ လုပ်ဆောင်မယ်ဆိုတဲ့ အချက်တွေကို ထုတ်ပြန်သွားမယ်လို့ ပြောခွင့်ရသူ တဝီဆန်က ပြောပါတယ်။

 

ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်းကနေ ဒီနှစ်အတွက် အမေရိကန် ဒေါ်လာ ၄၇ ဘီလီ ယံ အရှုံးခံရနိုင်ကြောင်းခန့်မှန်းချက်တွေကလည်းရှိနေပါတယ်။ 

 

MDN
ကိုးကား - AFP