တနင်္သာရီ  ၁၂  ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ် သစ်ပင်ပြိုလဲ ပျက်စီးခဲ့သည့် ဦးအောင်ကိုကို၏ မိသားစုအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၀၀၀၀၀ နှင့် မိသားစုဝင် (၈) ဦးအတွက် ဆန်ဖိုး (၇) ရက်စာ ထောက်ပံ့ငွေ ၁၆၈၀၀ ကျပ်နှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ၊ သောက်ရေသန့်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ကော့မပြင်းကျေးရွာတွင် ဇွန် ၈ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ကာ သစ်ပင်လဲကျပြီး နေအိမ်အနောက်ဘက် မီးဖိုချောင် ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်သည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)