မြင်းမူ ၁၃  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော မြင်းမူမြို့ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းမှာ  ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ယခုတည်ဆောက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာအဆောက်အဦအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ကျပ် ၂၈၃ ဒသမ ၁၀၀ သန်းဖြင့် မြန်မာ့မဏ္ဍိုင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်ကြောင်း၊ အဆောက်အဦမှာ လေးခန်းတွဲ လေးထပ် သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး အလျား ၁၀၂  ပေ၊ အနံ ၂၉ ပေ ရှိကြောင်းနှင့်  အဆောက်အဦအား ဩဂုတ်လတွင် အပြီးတည်ဆောက်ကာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်း ပေးပေးအပ်သွားမည်ဖြစ်ကြောင်း တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဦးမျိုးမြင့်အောင်ထံမှ သိရသည်။

 

အောင်စိုးဖေ (မြင်းမူ)