မြစ်သား ၁၃ ဇွန်           

ရွှေ့ပြောင်းလုပ်သား ထောက်ပံ့ကူညီရေး ဗဟိုဌာန (MRC) နှင့် မန္တလေးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းက မြစ်သားမြို့နယ်အတွင်း Facility Quarantine နေထိုင်သူများအား အခြေခံ စားသောက်ကုန်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် Facility Quarantine နေထိုင်လျက်ရှိသော ဝက်ထိန်းကျေးရွာ (၉) ဦး၊ သစ်တက် ကုန်းကျေးရွာ (၂၂) ဦး၊ တဲကြီးကျေးရွာ (၁၆) ဦး၊ မကျီးကန်ကျေးရွာ (၁၆) ဦး၊ ကူမဲမြို့ (၃) ဦး၊ စုစုပေါင်း (၆၆) ဦး အတွက် တစ်ဦးလျှင် ဆန် (၂) ပြည်၊ ဆီ (၅၀) သား၊ ကြက်ဉ (၁၀) လုံးတို့ကို ရွှေ့ပြောင်းလုပ်သား ထောက်ပံ့ ကူညီရေး ဗဟိုဌာန (MRC) မှ တာဝန်ခံအရာရှိ ဒေါ်သီတာလွင်နှင့် မန္တလေးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လော့ဝ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့မှ ကျေးရွာများအရောက် သွားရောက်လှူဒါန်းခဲ့ရာ ကျေးရွာတာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဆုမွန်(မြစ်သားပြန်/ဆက်)