မတ္တရာ ၁၃ ဇွန်
ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ယန့ နံနက် ၆ နာရီမှစ၍ KG တန်းမှ နဝမတန်းအထိ အောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါအောင်စာရင်းများ ထုတ်ပြန်ရာတွင် ကျောင်းတွင်းစစ် အတန်းတက်ခွင့် ရရှိသူများစာရင်း၊ ပညာရေးဌာန တိုင်း/ခရိုင်မှ စစ်ဆေးသော Grade-5 နှင့် Grade-9၊ ဒသမတန်း ပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများ စာရင်းများကို ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။
အောင်စာရင်း လာရောက်ကြည့်ရှုသည့် ကျောင်းသားများနှင့် မိဘများအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ လက်ဆေးခြင်းများ ဆောင်ရွက်ပြီးမှသာ ကျောင်းတွင်းသို့ ဝင်ရောက်ကြရန် တာဝန်ကျ ဆရာ/ဆရာမများမှ နှိုးဆော်ပေးလျက်ရှိကြောင်း အ.ထ.က(မြို့သစ်) ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


