ပဲခူး ၁၃ ဇွန်

 

ပဲခူးမြို့ပေါ်ရှိ သီလရှင် စာသင်တိုက်များသို့ အခြေခံစားကုန်များနှင့် နဝကမ္မ ဝတ္ထုငွေများကို ယမန်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း (ပဲခူးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့၀င်များက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ကာလနှင့် မိုးဦးကျကာလအချိန်၌ ဆွမ်းဆန်တော် အလှူခံကြွရောက်ရန် အခက်အခဲရှိနေသည့် သီလရှင်ဆရာကြီး၊ ဆရာလေးများအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (ပဲခူးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့၀င်များ၊ အသင်းသူ/သားများ စုပေါင်းကာ ပဲခူးမြို့ရှိ သီလရှင် စာသင်‌‌တိုက်များဖြစ်သည့် မဏိဇောတသီလရှင် စာသင်တိုက်၊ သဒ္ဓမ္မဂုဏ်ရည် သီလရှင်စာသင်တိုက်၊ မေတ္တာအေးရိပ် သီလရှင် စာသင်တိုက်၊ မဇ္ဈိမဂုဏ်ရည် သီလရှင်စာသင်တိုက်၊ ဓမ္မစေတီသီရိမင်္ဂလာ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်၊ ကြာဇံ၊ ဘဲဥ၊ မုန့်မျိုးစုံနှင့် နဝကမ္မဝတ္ထုငွေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)