ရေနံချောင်း ၁၃ ဇွန်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် KG တန်းမှ နဝမတန်းအထိ အခြေခံပညာ အောင်စာရင်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၅၂ ကျောင်းတွင် ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာအောင်စာရင်းများ ထုတ်ပြန်ရာတွင် လာရောက်ကြည့်ရှုသူ ကျောင်းသား ကျောင်းသူများနှင့် မိဘများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ဆေးခြင်းများ ပြုလုပ်ပြီးမှသာ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတန်းစီ၍ အောင်စာရင်းများကြည့်ရှုရန် ဆရာ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုစိုးကြီး


