ဖာပွန် ၁၃ ဇွန်
ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် မူလတန်းအဆင့် ဆရာ/ဆရာမများအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade-4 (သင်ရိုးသစ်) Online သင်တန်းကို ယမန်နေ့မှ စတင်၍ ဖာပွန်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာ ခန်းမမှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် စတုတ္ထတန်းသင်ရိုးသစ်ကို အခြေခံပညာဦးစီးဌာန(ရုံးချုပ်)မှ Online Training အဖြစ် သင်ကြားပို့ချပေးရာ ဖာပွန်မြို့နယ်မှ မူလတန်းကျောင်းအုပ်(၇)ဦးနှင့် မူလတန်းပြ ဆရာ/ဆရာမ(၂၉)ဦး စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတက်ရောက်ပြီးသည့် ဆရာ/ဆရာမများအနေဖြင့် မြို့နယ်အဆင့်တွင် ပြန်လည်သင်ကြား ပို့ချရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်ဆက်)


