ခင်ဦး ၁၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့ ယာယီပျံကျဈေး၌ ရေစီးရေလာ ကောင်းမွန်စေရန် မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ယမန်နေ့ ညနေပိုင်းက ရေမြောင်းများ တူးဖော်ခြင်း၊ ပိတ်ဆို့နေသောရေမြောင်းများ ဆယ်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ယာယီပျံကျဈေးကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မီးရထားဘူတာအနီး အာဇာနည် ကျောက်တိုင်ကွင်းတွင် ပြောင်းရွှေ့ခဲ့ရာ ယခုအချိန်တွင် မိုးရွာသွန်းမှုများရှိသဖြင့် ယာယီပျံကျဈေးအတွင်း ရေဝပ်ခြင်းများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ပေးခြင်း၊ ပိတ်ဆို့နေသော ရေဆိုးမြောင်းများ တူးဖော်ပေးခြင်းနှင့် အနံ့ဆိုးများ ထွက်ပေါ်မှုမရှိစေရန် အမှိုက်များရှင်းလင်းခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အမှုဆောင်အရာရှိ ဒေါ်မာမာအောင် ထံမှ သိရသည်။
ခင်ဦးစိုးဝေ


