တောင်သာ ၁၃ ဇွန်
တောင်သာမြို့နယ် စိုက်ပျိုးရေးရုံး၌ ယမန်နေ့ နံနက်ပိုင်းက ဝါအထူးဇုန်စိုက်ပျိုးမည့် တောင်သူများကို ဝါမျိုးစေ့များနှင့် လူးနယ်ဆေးများ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းဝင်းက ဝါစိုက်ပျိုးခြင်းဖြင့် တောင်သူများ တွက်ခြေကိုက်ပြီး အရင်းနည်းသော သီးနှံဖြစ်ကြောင်း၊ ထွက်ရှိသည့်ဝါများကို ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တင်ပို့ရသည့် သီးနှံဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဝါကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ပြောကြားသည်။
ထို့နောက် တောင်သာမြို့နယ်အတွင် ဝါအထူးဇုန် ဧက (၅ဝ) စိုက်ပျိုးမည့် တောင်သူ ၂၈ ဦးကို ဝါမျိုးစေ့များနှင့် လူးနယ်ဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဥဩသံ(တောင်သာ)


