မိုးနဲ    ၁၃  ဇွန်

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် လွိုင်ချိုကျေးရွာနှင့် ကုန်းလုံကျေးရွာတို့တွင် ကျေးလက် ကျောက်ချောလမ်းများ ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက် ၁၀ နာရီက ခရိုင်လမ်းဦးစီးဌာန မြို့နယ် အရည်အသွေး စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ် အရည်အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကျေးလက် ကျောက်ချောလမ်းများ ခင်းခြင်းဆောင်ရွက်ရာတွင် လမ်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ချိန် ပြီးစီးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

mdn

 

 

အဆိုပါ ကျေးလက်လမ်းများအနက် လွိုင်ချိုကျေးရွာကျောက်ချောလမ်း (၁/ ၀ ဒသမ ၆၄ ) မိုင်ကို ခွင့်ပြုရန်ပုံငွေ ၇၇ ဒသမ ၈၇ သန်းနှင့် ကုန်းလုံကျေးရွာ ကျောက်ချောလမ်း (၁/၀ ဒသမ ၂၅) မိုင်ကို ခွင့်ပြုရန်ပုံငွေ ၇၃ ဒသမ ၈၈ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ (ပြန်/ဆက်)