ချင်းရွှေဟော် ၁၃ ဇွန်
ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၅၃ ဦးအား ယနေ့ နံနက် ၁၀ နာရီခွဲက ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ ၂၅၃ ဉီးတွင် အမျိုးသား ၁၁၆ ဉီး၊ အမျိုးသမီး ၁၃၇ ဉီးတို့ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၁ ဉီး၊ မန္တလေးတိုင်းဒေသကြီးမှ ၂၇ ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂၂ ဉီး၊ ပဲခူးတိုင်း ဒေသကြီးမှ ၄၀ ဉီး၊ မကွေးတိုင်းဒေသကြီးမှ ၁၄၆ ဉီး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁၅ ဉီးနှင့် နေပြည်တော်မှ ၂ ဉီးတို့ ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူများမှာ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား ၆၀၆၁ ဉီးနှင့် အမျိုးသမီး ၄၇၁၆ ဉီးတို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၁၀၇၇၇ ဉီးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


