နေပြည်တော် ၁၃ ဇွန် 

 

အရေးပေါ်ရိက္ခာဆန်ဝယ်ယူရေးဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ MAPCO ဆန်စက်တွင် နိုင်ငံတော်အရေးပေါ်ရိက္ခာဆန် ဝယ်ယူလက်ခံထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထို့သို့ကြည့်ရှုစစ်ဆေးရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက အရေးပေါ်ရိက္ခာဆန်အား စနစ်တကျ အရည်အသွေး စစ်ဆေးလက်ခံထားမှုနှင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

အရေးပေါ်ရိက္ခာဆန်အား လက်ခံဝယ်ယူလျက်ရှိရာ ဇွန် ၁၂ ရက်အထိ ရန်ကုန်မြို့တွင် တန် (၃၅၀၀၀)၊ မန္တလေးမြို့တွင် တန် (၃၀၀၀)၊ နေပြည်တော်တွင် တန် (၁၀၀၀) စုစုပေါင်း တန်ချိန် (၃၉၀၀၀) ကျော် ဝယ်ယူလက်ခံရရှိပြီး ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်