မန္တလေး ၁၃ ဇွန် 

 

မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြုပြင်ဆောင်ရွက် အဆင့်မြှင့်တင်လျက်ရှိသော ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်းကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်းမှ ဆောင်ရွက်ပြီးဖြစ်သော အားကစားကွင်းနှင့် အားကစားလုပ်ငန်းဆိုင်ရာများကို တင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက မြက်ဖြတ်စက်နှင့် အားကစားဆိုင်ရာ ပစ္စည်းများကို တာဝန်ရှိသူများအား ပေးအပ်ခဲ့ပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)