မန္တလေး ၁၃ ဇွန်

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ဓာတ်အားခွဲရုံနှင့်  ဓာတ်အားလိုင်းများ အသစ်တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်များရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးခရိုင်၊ မြို့နယ်အသီးသီးရှိ ဓာတ်အားခွဲရုံများမှ 33/11 KV ၊ 10 MVA ထရန်စဖော်မာ (၇) လုံးအား 20 MVA ထရန်စဖော်မာများဖြင့် အစားထိုးလဲလှယ်ရန် လျာထားခဲ့ပြီး ယခုအခါ ထရန်စဖော်မာ (၃) လုံး လဲလှယ်တပ်ဆင်ပြီး ဖြစ်သည်။

 

ကျန်ရှိနေသည့် ထရန်စဖော်မာ (၄) လုံးအား လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့် နိုင်ငံသားပိုင်ကုမ္ပဏီများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ယခုဘဏ္ဍာနှစ်အတွင်း အပြီးလဲလှယ်တပ်ဆင်သွားမည်ဖြစ်ပြီး လုပ်ငန်းအားလုံးပြီးစီးပါက မန္တလေးခရိုင်အတွင်း တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို ယခင်ကထက် ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာနှင့် ဒုတိယခရိုင် လျှပ်စစ်မန်နေဂျာတို့ထံမှ သိရသည်။

 

MDN