ကရင်ပြည်နယ် ၊ ဇွန် (၁၃)


မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂)ဂိတ်မှ ယနေ့၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ စီစဥ်ဆောင်ရွက်မှုဖြင့် လူကြီး (၁၈၉) ဦး ရင်ခွင်ပိုက်ကလေးငယ် (၉) ဦး စုစုပေါင်း (၁၉၈) ဦးနှင့်မွန်းလွဲ (၂) နာရီ မှ ညနေ(၆)နာရီအချိန်ထိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်များရယူကာ မိမိအစီအစဥ်ဖြင့် (၅၇၇) ဦး ထပ်မံဝင်ရောက်ကြောင်းသိရပါသည်။


ယနေ့ပြန်လည်ဝင်ရောက်လာသူများမှာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးများမှဖြစ်ကြပြီး စုစုပေါင်း(၇၇၅)ဦး ပြန်လည်ဝင်ရောက်လာကြောင်းသိရပါသည်။


#ဘားအံသတင်းဌာနခွဲ
#MRTV