ဟန်ကျိုး ၁၄ ဇွန်
တရုတ်နိုင်ငံအရှေ့ဘက်ရှ်ဂျန်းပြည်နယ်ရှိ အမြန်လမ်းမကြီး တစ်ခုပေါ်တွင် ယမန်နေ့ ညနေပိုင်းက လောင်စာဆီတင်ယာဉ်တစ်စီး ပေါက်ကွဲခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။
အဆိုပါ လောင်စာဆီတင်ယာဉ်သည် ရဲဂျန်းပြည်နယ် လီယံရှမ်းကျေးရွာအနီးတွင် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
လောင်စာဆီတင်ယာဉ်သည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လမ်းချော်သွားကာ ရှဲန်ယန်- ဟိုင်ကောင် အဝေးပြေး လမ်းမတစ်လျှောက် အခင်းဖြစ်ပွားသည့် နေရာနှင့်အနီးဝန်းကျင်ရှိ လူနေအိမ်များနှင့် စက်ရုံ၊ အလုပ်ရုံ အများအပြားကို ထိခိုက်သွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။ လောင်စာဆီတင်ယာဉ် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူဦးရေ များပြားသဖြင့် သေဆုံးသူဦးရေလည်း ထပ်တိုးလာဖွယ်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ