ပခုက္ကူ ၁၄ ဇွန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်နေသူများအား ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၁၄ ရက် နံနက် ၈ နာရီက ပခုက္ကူမြို့နယ်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရုံး၌ ကျင်းပသည်။
ဆွေသဟာ လူမှုဖွံ့ဖြိုးရေးအဖွဲ့နှင့် အနာဂတ်အလင်းရောင်လူငယ် ဖွံ့ဖြိုးရေးအသင်းတို့က ထောက်ပံ့သည့် နှာခေါင်းစည်း (Mask) များ၊ Hand Gel ဘူး၊ အရက်ပျံ၊ ဆပ်ပြာ၊ PPE ဝတ်စုံ၊ ဆေးဖျန်းပုံး၊ အမှိုက်ပုံးများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းတို့က စေတနာ့ဝန်ထမ်းများအား အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်(ဓာတု)


