ပခုက္ကူ ၁၄ ဇွန်
ပခုက္ကူမြို့နယ် သစ်တောဦးစီးဌာနက တန့်ကြည့်တောင်ဒေသ စိမ်းလန်းစိုပြည်ရေးအတွက် သစ်စေ့မြေလုံး (Seed Ball) ဧက ၄၀ စိုက်ပျိုးပွဲကို ဇွန် ၁၃ ရက် နံနက် ၉ နာရီက တန့်ကြည့်တောင် တိုးချဲ့-၄ ကြိုးပြင် ကာကွယ်တော၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးမှူး ဦးဝင်းဇော်က ချိုက်အုပ်စု၊ လယ်ကျင်းကျေးရွာ ပြည်သူများထံ သစ်စေ့လုံး (Seed Ball) များ ပေးအပ်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးမှူး ဦးဝင်းဇော်နှင့် ဝန်ထမ်းများ၊ လယ်ကျင်းကျေးရွာ ပြည်သူများက သစ်စေ့လုံးများကို ဆူးထိုးစိုက်ပျက်ပျိုးကြသည်။
မြေဧက ၄၀ ပေါ်တွင် သစ်စေ့မြေလုံးပေါင်း ၂၁၆၀ဝ စိုက်ပျိုးပြီး သစ်စေ့မြေလုံးတစ်လုံးလျှင် ရှား၊ ထနောင်း၊ မြန်မာကုက္ကို၊ မန်ကျည်း၊ ကန္တာရစိမ်းနှင့် ထုံးပေါက်မျိုးစေ့များ ပါဝင်သည်။
အလားတူ ၎င်းကာကွယ်တောအနီး၌ ကျေးရွာ ထင်းစိုက်ခင်း ၂၅ ဧကကိုလည်း ယခုနှစ်မိုးရာသီတွင် ရှားပင်တစ်တန်း၊ ယူကလစ်တစ်တန်းစီဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


