၁၄ ဇွန်
တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၇ ဦးရှိကြောင်း ဒီနေ့(တနင်္ဂနွေနေ့) ကြေညာရာ အဲဒီပမာဏဟာ ဧပြီလနောက်ပိုင်းမှာ အများဆုံးတွေ့ရှိတာ ဖြစ်ပါတယ်။
နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုမရှိအောင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့ပေမယ့် ဘေကျင်းတောင်ပိုင်းက အသားငါးနဲ့ ဟင်းသီးဟင်းရွက် လက္ကားဈေးနဲ့ ဆက်စပ်ပြီး ဗိုင်းရပ်စ်ပိုးကူးစက်သူ အများအပြားကို တကျော့ပြန် တွေ့ရှိရတာဖြစ်ပါတယ်။
မြို့တော်ဘေကျင်းမှာ နိုင်ငံတွင်းကူးစက်မှုအဖြစ် ၃၆ ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း၊ အရှေ့မြောက်ပိုင်းရှိ လီအိုနန်းပြည်နယ်မှာ ကူးစက်ခံရသူ ၂ ဦးဟာ ဘေကျင်းမြို့က ဈေးနဲ့ ဆက်စပ်သူတွေဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင် (NHC) က ထုတ်ပြန်ကြေညာပါတယ်။
ဘေကျင်းမြို့မှာ သောကြာနေ့က စတင်ပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိတာဟာ နှစ်လအတွင်း ပြန်လည်တွေ့ရှိတာဖြစ်ကြောင်း၊ မူလတန်းကျောင်းတွေ ပြန်ဖွင့်ဖို့ နှောင့်နှေးသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဈေးအနီးရှိ အိမ်ရာ ၁၁ လုံးကို အသွားအလာ ကန့်သတ်ပိတ်ပင်လိုက်ပြီး ဈေးမှာ အလုပ်လုပ်နေသူ ၁၀ဝဝဝ ကို ဗိုင်းရပ်စ်ပိုးစစ်ဆေးနေကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုဟာ အစားအစာနဲ့ ပတ်သက်နေတဲ့အတွက် ဘေကျင်းမြို့ရှိ ဈေးတချို့လည်း ပိတ်ထားကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ပိုးရဲ့ လားရာကို ရှာဖွေရာ နိုင်ငံခြားမှ တင်ပို့တဲ့ ဆယ်လ်မွန်းငါးခုတ်တဲ့ စဉ်းတီတုံးနဲ့ ဆက်စပ်နေတဲ့အတွက် ဆယ်လ်မွန်ငါးတွေကို ဈေးတွေမှ ဖယ်ရှားလိုက်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP