မိုးညှင်း ၁၄   ဇွန်

ကချင်ပြည်နယ်  မိုးညှင်းမြို့ စိမ်းရတနာမွန် တောင်ပိုင်းရပ်ကွက် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် မြို့နယ်စား‌ရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ပွဲအကြိုညှိနှိုင်းဆွေး‌နွေးပွဲ အခမ်းအနားကို ဇွန် ၁၄ ရက် နေ့လယ် ၁ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မိုးညှင်းမြို့နယ် စာရေးဆရာအသင်းနာယက ဦးထွန်းရီ(ရွှေကျွန်းယဉ်မြတ်) နာယကအဖြစ်ဆောက်ရွက်ပြီး အသင်းဥက္ကဋ္ဌက ဦးခင်မောင်ဦး(သစ္စာ-မိုးညှင်း)  အဖွင့်အမှာစကား ပြောကြားသည်။

 

အတွင်းရေးမှူး ဦးတင်ဦး(မင်းကိုဦး-မိုးညှင်း)က မြန်မာနိုင်ငံ စာ‌ရေးဆရာအသင်းဗဟိုက ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး မိုးညင်းမြို့နယ် စာရေးဆရာအသင်း၏ အမှုဆောင်ကော်မတီဝင် (၆)ဦးကို ပမာဏရွေးချယ်ခဲ့ကြသည်။

 

ယင်းအမှုဆောင်တွင် ဦးခင်မောင်ဦး(သစ္စာ-မိုးညှင်း)၊ ဦးထွန်းရီ(ရွှေကျွန်းယဉ်မြတ်)၊ ဦးတင်ဦး(မင်းကိုဦး-မိုးညှင်း)၊ ဦးဆန်းဝင်း(ကိုဆန်း-မိုးညှင်း)၊ ဒေါ်မြင့်မြင့်ချို(မုန်းမုန်းမင်း)နှင့် ဒေါ်ခင်သန်းညွှန့်(ပန်းရွှေစင်) တို့ (၆)ဦးကို ပဏာမ ရွေးချယ်ခဲ့ကြသည်။

 

ဆက်လက်၍ ဇူလိုင် ၅ရက်နေ့တွင် အဆိုပါခရိုင်ပြန်/ဆက်ရုံးတွင် မိုးညှင်းမြို့နယ် စာရေးဆရာအသင်း အလုပ်မှုဆောင်(၅)ဦး၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ အဖွဲ့ဝင်နှင့် ညီလာခံကိုယ်စားလှယ်တို့ကို ဒီမိုကရေစီနည်းကျအသီးသီး ရွေးချယ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နီတိုး