ညောင်ဦး ၁၄ ဇွန်
ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း အမှိုက်ကောက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် Bagan Plastic Campaign အဖွဲ့တို့မှ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုဂံမြို့ဟောင်းသွား လမ်းဘေး(ဝဲ၊ ယာ)ရှိ စွန့်ပစ်အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စုပေါင်း ကောက်ယူ ရှင်းလင်းပေးခဲ့ကြသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ညောင်ဦးမြို့နယ်နှင့် ပုဂံမြို့တို့မှ (ထွေ/အုပ်) ဝန်ထမ်းများ၊ Bagan Plastic Campaign အဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ Balloons အဖွဲ့သားများ၊ မြစိမ်းဒီပါဟိုတယ်မှ ဝန်ထမ်းများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


