ကရင်ပြည်နယ် ၁၄ ဇွန်
မြဝတီမြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) ဂိတ်မှ ယနေ့ နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ထိုင်းနိုင်ငံ ခရိုင်ဒေသအသီးသီးမှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်များရယူကာ မိမိအစီအစဉ်များဖြင့် ပြန်လည် ဝင်ရောက်လာသူ (၅၅၃)ဦး၊ ထိုင်းနိုင်ငံ Immigratoin Detention Center (IDC) မှ လွှဲပြောင်းပေးသည့် ပြစ်ဒဏ်စေ့ ကျခံပြီးဖြစ်သူ အမျိုးသား (၄၂) ဦးနှင့် အမျိုးသမီး (၃) ဦး အပါအဝင် စုစုပေါင်း (၅၉၈) ဦး ပြန်လည်ဝင်ရောက် လာကြောင်း သိရသည်။