ထီးလင်  ၁၄  ဇွန်

 

ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ် (၁) ရပ်ကွက်၊ (ရပ်မကွင်း) တွင် နွေစပါးများ စိုက်ပျိုးလျက်ရှိကြရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ထိုသို့စိုက်ပျိုးရာတွင် အမှတ် (၁) ရပ်ကွက် (ရပ်မကွင်း) တွင် နွေစပါး စိုက်ဧက ၆၉၁ ဧကရှိပြီး ထီးလင်းမြို့ အမှတ်(၁/၂) နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ တောင်သူ (၆၀၀) ကျော်က စိုက်ပျိုးထားခြင်းဖြစ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီ ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။

 

အောင်စည်(ပြန်/ဆက်)