ရန်ကုန်   ၁၄  ဇွန်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ ညနေ ၃ နာရီခွဲတွင် ရုတ်တရက် မိုးရွာသွန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် 66 kV နှင့် 33 kV ဓာတ်အားလိုင်းများ အပြစ်ဖြစ်ပေါ်ခဲ့သဖြင့် မရမ်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ​ထောက်ကြန့်၊ ရွှေပြည်သာ၊​လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဉက္ကလာ၊ သင်္ဃန်းကျွန်းမြို့နယ်များတွင် ယာယီဓာတ်အား ပြတ်တောက်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

 

ယခုအခါ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဓာတ်အားပြန်လည်ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း မီးသုံးစွဲသူ မိဘပြည်သူများအား အသိပေးပန်ကြားထားသည်။

 

MDN