မြဝတီ ၁၄   ဇွန်

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀၀ ခန့် ယနေ့တွင် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအနက် ၄၅ ဦးသည် ထိုင်းနိုင်ငံ Immigratoin Detention Center (IDC) မှ လွှဲပြောင်းပေးသည့် ပြစ်ဒဏ်စေ့ကျခံပြီးသူများဖြစ်ပြီး ကျန်  ၅၅၅ ဦးသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်ရယူကာ ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။

 

ပြန်လည် ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင် ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊  မြို့နယ်အုပ် ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေလ ၁ ရက်နေ့က ၆၀ ခန့်၊ ၂ ရက်နေ့က ၅၄ ဦး၊ ၃ ရက်နေ့က ၁ ဦး၊ ၄ ရက်နေ့က ၄၄ ဦး၊ ၅ ရက်နေ့က ၂၃ ဦး၊ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ဝင်ရောက်ခြင်း မရှိပဲ ၈ ရက်နေ့က ၁၀၀ ၊ ၉ ရက်နေ့တွင် ဝင်ရောက်ခြင်း မရှိဘဲ ၁၀ ရက်နေ့တွင် ၄၄ ဦး၊ မေလ ၁၁ ရက်နေ့တွင် ၁၃ ဦး၊  မေလ ၁၂ ရက်နေ့တွင် ၄၁ ဦး၊ မေလ ၁၃ ရက်နေ့တွင် ၁၆ ဦး၊ မေလ ၁၄ ရက်နေ့တွင် ၃၈ ဦး၊  မေလ ၁၅ ရက်နေ့တွင် ၁၂၀ ၊ မေလ ၁၆ ရက်နေ့တွင် ၇၆ ဦး၊  မေလ ၁၇ ရက်နေ့တွင် ၉၀ ၊ ၁၈ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိပဲ ၁၉ ရက်နေ့တွင် ၆၄ ဦး၊ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိပဲ ၂၂ ရက်နေ့တွင် ၃၆ ဦး၊ မေလ ၂၃ ရက်နေ့တွင် ၆၀၄ ဦး၊ မေလ ၂၄ ရက်နေ့တွင် ၁၁၁၈ ဦး၊ မေလ ၂၅ ရက်နေ့တွင် ၁၂၇၇ ဦး၊ မေလ ၂၆ ရက်နေ့တွင် ၁၃၉၄ ဦး၊ မေလ ၂၇ ရက်နေ့တွင် ၁၄၃၄ ဦး၊ မေလ ၂၈ ရက်နေ့တွင် ၁၁၆၈ ဦး၊ မေလ ၂၉ ရက်နေ့တွင် ၁၂၀၂ ဦး၊ မေလ ၃၀ ရက်နေ့တွင် ၁၁၅၂ ဦး၊ မေလ ၃၁ ရက်နေ့တွင် ၁၅၁၁ ဦး၊ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ၁၀၄၃ ဦး၊ ဇွန်လ ၂ ရက်နေ့တွင် ၁၅၁၇ ဦး၊ ဇွန်လ ၃ ရက်နေ့တွင် ၁၅၄၇ ဦး၊ ဇွန်လ ၄ ရက်နေ့တွင် ၁၂၀၄ ဦး၊ ဇွန်လ ၅ ရက်နေ့တွင် ၁၁၉၀ ၊ ဇွန်လ ၆ ရက်နေ့တွင် ၁၇၈၄ ဦး၊ ဇွန် ၇ ရက်နေ့တွင် ၁၆၃၅ ဦး၊ ဇွန် ၈ ရက်နေ့တွင် ၉၄၆ ဦး၊ ဇွန် ၉ ရက်နေ့တွင် ၁၀၉၄ ဦး၊ ဇွန်လ ၁၀ ရက်နေ့တွင် ၉၉၄ ဦး၊ ဇွန်လ ၁၁ ရက်နေ့တွင် ၆၇၀ ၊ ဇွန်လ ၁၂ ရက်နေ့တွင် ၈၂၃ ဦး၊ဇွန်လ ၁၃ ရက်နေ့တွင် ၇၇၅ ဦး၊ ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ၆၀၀ ပြန်လည် ဝင်ရောက် ခဲ့ပြီး စုစုပေါင်း ၂၇၅၀၂ ဦးထိ ပြန်လည် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

 

ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၃၆၈ ဦး၊ အမျိုးသမီး ၂၃၂ ဦး စုစုပေါင်း ၆၀၀ ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)