တီဟီရန် ၁၄ ဇွန်
အီရန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁၀၀ ကျော်ရှိပြီး ၂,၄၇၂ ဦးမှာ ရောဂါပိုးတွေ့ရှိကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာပါတယ်။ အခုသေဆုံးမှုဟာ နှစ်လအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တစ်ရက်အတွင်း သေဆုံးသူ ၁၀၀ ကျော်ဖြစ်သွားပြီလို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူအမျိုးသမီးက ရုပ်မြင်သံကြားကနေတစ်ဆင့် သေဆုံးသူ ပမဏာကို ကြေညာရမှာ အလွန်စိတ်မကောင်းကြောင်း၊ တစ်ရက်အတွင်းမှာ သေဆုံးသူအရေအတွက်ဟာ ဂဏန်းသုံးလုံးရှိကြောင်း၊ ဒီရောဂါပိုးဟာ အချိန်မရွေး ဒုက္ခပေးနိုင်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ လိုအပ်ကြောင်း ပြောကြားပါတယ်။
အီရန်နိုင်ငံမှာ ဧပြီလ ၁၃ ရက်နေ့က တစ်ရက်အတွင်း ၁၁၁ ဦး သေဆုံးကြောင်း သိရပါတယ်။ အဲဒီနောက်ပိုင်း နှစ်လအတွင်း သေဆုံးသူဟာ ရာဂဏန်းမရှိခဲ့ရာကနေ ဇွန် ၁၄ ရက်မှာ ၁၀၀ ကျော် ရှိတာဖြစ်ပါတယ်။
အီရန်နိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၂,၄၇၂ ဦး၊ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၈၇,၄၂၇ ဦး နဲ့ လူပေါင်း ၁၄၈,၀၀ ကျော်က ပြန်လည် ကျန်းမာရေးကောင်းလာကြောင်း ဇွန် ၁၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP