နေပြည်တော်  ၁၄  ဇွန်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့မရဲစခန်းမှ ရဲ ၂ ဦးနှင့် ဒေသခံပြည်သူ ၁ဦးကို TNLA လက်နက်ကိုင်အဖွဲ့က ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း။  

 

ဖြစ်စဉ်မှာ မိုးကုတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်ဦးနှင့် ရဲတပ်သား ခိုင်ခန့်အောင်တို့ ၂ ဦးသည် မိုးကုတ်မြို့နယ်၊ သဒွတ်ကျေးရွာနေ ယာဉ်မောင်း ဦးအောင်ကျော်မိုး မောင်နှင်သော HIJET အမျိုးအစား မော်တော်ယာဉ်ဖြင့် လယ်ကြီးရဲကင်းစခန်းသို့ တာဝန်လဲလှယ်ထမ်းဆောင်ရန် အရပ်ဝတ်ဖြင့် ထွက်ခွာလာစဉ် ညောင်ကုန်း(အောက်) ကျေးရွာသို့ အရောက်၌ TNLA လက်နက်ကိုင်အဖွဲ့မှ အင်အား ၅၀  ခန့်က ၎င်းတို့ ၃ ဦးကို ဟိုးဝိတ်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ။

 

အဆိုပါ ပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက စုံစမ်းစစ်ဆေးခြင်းနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်