မိုးမိတ်  ၁၅  ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မူလတန်းအဆင့် ကျောင်းအုပ်ဆရာ၊ ဆရာမများအား  ၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြို့နယ်အဆင့်(Grade -4)သင်ရိုးသစ် Face To Face ဆင့်ပွား သင်တန်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(၂)တွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများမှ အရည် အသွေးပြည့်ဝသော ကျောင်းသား/ကျောင်းသူများ ပြုစုပျိုးထာင်ပေးနိုင်ရန်နှင့် ဘာသာရပ်တွေ သင်ကြားပြသရာတွင် သင်ကြားရေးဆိုင်ရာ စွမ်းရည်(၅)ရပ်ဖြင့် သင်ကြားပေးစေလိုပြီး လူမှုဘဝ လက်တွေ့နယ်ပယ်တွင် အသုံးဝင်မည့် အသိပညာအတွေးအခေါ်များရရှိစေရန်အတွက် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် ကိုဗစ်-၁၉ ရောဂါမှကြိုတင်ကာကွယ်နိုင်ရေးအတွက် သင်တန်းသား များအတွက် လက်ဆေးကန်များထားရှိပေးခြင်း၊ နှာခေါင်းစည်းများ (Mask) တပ်ဆင်စေခြင်းများအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိကာ သင်တန်းကာလမှာ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်နေ့အထိဖြစ်ပြီး မူလတန်းအဆင့် ကျောင်းအုပ်ဆရာ၊ ဆရာမ ၄၄၅ ဦး ရှိကြောင်းသိရသည်။

 

မိုးမိတ်သား(စည်သူဌေး)