ပင်လည်ဘူး ၁၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးကာလတွင် ကိုဗစ်-၁၉ ကာကွယ်ရန်၊ ပြည်သူများ ငါးစားသုံးမှု မြှင့်တင်စားသုံးလာစေရန်၊ ငါးစားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး၊ The more you eat fish. The more you prevent COVID-19 ဗီနိုင်းပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ဇွန် ၁၅ ရက်နေ့ နံနက်က မြို့နယ်စည်ပင်သာယာဈေး၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်များစိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေလင်း၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဒေါ်ခက်ခက်ဝေခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အမှုဆောင်အဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး ဗီနိုင်းပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


