လဲချား ၁၅ ဇွန်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Gread-(4)သင်ရိုးသစ် သင်တန်းကိုယနေ့နံနက် ၉ နာရီက အထကလဲချား ကျောင်းတွင် သင်တန်းပို့ချ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းပို့ချရာတွင် သင်တန်းသား/သင်တန်းသူ (၂၆၂)ဦးကိုသင်တန်းနည်းပြ (၂၆)ဦး၊ ကြီးကြပ်သူ (၁၃)ဦး၊ သင်တန်းမှူး (၁)ဦးတို့မှ ဦးဆောင်ပြီး သင်တန်းပို့ချပေးခဲ့သည်။
Gread-(4) သင်ရိုးသစ်သင်တန်းတွင် အထွေထွေ ယေဘုယျအပိုင်း၊မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာ၊ အနုပညာ၊ဂီတ စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။
ထိုသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား/သင်တန်းသူ (၂၆၂)ဦး အား ဇွန်လ (၁၅)ရက်မှ(၂၁)အထိ မျက်နှာချင်းဆိုင် သင်တန်းအဖြစ် ပို့ချပေးသွားမည် ဖြစ်ကြောင်းကို ဒုလက်ထောက် ပညာရေးမှူး ဦးသန့်လွင်ဦး၏ ပြောကြားချက်အရ သိရသည်။
(မြို့နယ် ပြန်/ဆက်)


