နတ်မောက် ၁၅ ဇွန်
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြိုနယ် သမုန်းပင်ကျေးရွာအုပ်စု၊ ပိတောက်ကုန်း ကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ယနေ့နံနက် ၁၀ နာရီ က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသူရ နှင့် ဝန်ထမ်းများက ရေဂါလန် ၅၆၀ဝ ကို ကျေးရွာအရောက် ဖြန့်ဝေပေးခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ထိုသို့ သောက်သုံးရေများ ဖြန့်ဝေပေးရာတွင် ရေအလှူရှင် ဦးခန့်ဇော် ဇနီး ဒေါ်ရီရီခိုင် မိသားစု (နေပြည်တော်) မှလှူဒါန်းခြင်းဖြစ်ပြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကမ္ဘောဇအလင်းတန်း မော်တော်ယာဉ် တို့ပူးပေါင်း၍ ပိတောက်ကုန်း ကျေးရွာရှိ အိမ်ခြေ ၁၆၃ မှ လူဦးရေ ၉၁၈ ဦးတို့အတွက် ရေဂါလန် ၅၆၀ဝ ကိုကျေးရွာ အရောက် ဖြန့်ဝေလှူဒါန်း ပေးခဲ့ခြင်းဖြစ်သည်။
နတ်မောက်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေး လုပ်ငန်းများအဖြစ် ရေရှားပါး ပြတ်လပ်နိုင်သည့်ကျေးရွာ ငါးရွာ၌ အဝီစိ စက်ရေတွင်း လေးတွင်း၊ အခြားသောက်သုံးရေ ရရှိရေး လုပ်ငန်းတစ်ခုတို့ကို ခွင့်ပြုရန်ပုံငွေ ကျပ် ၉၀ ဒသမ ၉၃၇ သန်းအသုံးပြု၍ ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသူရက ပြောပြ၍ သိရသည်။
ငြိမ်းသူ(စလင်း)


