ဆော ၁၅ ဇွန်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဒေသခံပြည်သူများ သစ်ပင်များ ယခုနှစ်တွင် စိုက်ပျိုးနိုင်ရန် ကျွန်းပျိုးပင်များ ၁၅၀ဝ၀ ကျော်ကို အခမဲ့ဖြန့်ဝေထားပြီးကြောင်း သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရေး၊ သစ်တောမပြုန်းတီးစေရေးအတွက် ရည်ရွယ်ပြီး မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၃၀ဝ၀ဝ အခမဲ့ဖြန့်ဝေနိုင်ရန် လျာထားလျက်ရှိပြီး ဇွန်လဆန်းမှ စတင်ဖြန့်ဝေလျက်ရှိရာ ဆောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျွန်းပျိုးပင်များ စုစုပေါင်း ၁၅၀ဝ၀ ကျော်ကို ဖြန့်ဝေထားခြင်းဖြစ်သည်။
ထို့ပြင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံပြည်သူများအား ဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်ထားကြောင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲတွင် ကျွန်း၊ ပိတောက်၊ အင်ကြင်း၊ တမာ၊ ခရေနှင့် ပျဉ်းကတိုးအပါအဝင် သစ်မျိုးပေါင်း (၁၇)မျိုး ပျိုးပင်ပေါင်း စုစုပေါင်း ၅၀ဝ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ဇော်မျိုးသန့်(ဆော)


