မိုင်းရှူး ၁၅ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာသင်ကျောင်း(၇၆)ကျောင်းသို့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ၁၀၈၉၅ စုံနှင့် ဗလာစာအုပ် ဒါဇင် ၇၁၉၀ ကို အခမဲ့ ဖြန့်ဝေ ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းရှူးမြို့နယ် ပညာရေးဌာနအနေဖြင့် မြို့နယ်တွင်းရှိ အထက်တန်းကျောင်း(၃) ကျောင်း၊ အထက်တန်းကျောင်းခွဲ(၁)ကျောင်း၊ အလယ်တန်းကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂)ကျောင်း၊ မူလတန်းလွန်ကျောင်း(၅)ကျောင်း၊ မူလတန်းကျောင်း (၄၆)ကျောင်း၊ မူလတန်း ကျောင်းခွဲ(၁၀)ကျောင်း၊ ဘုန်းကြီးသင်ပညာရေး ကျောင်း(၄)ကျောင်း၊ စုစုပေါင်းကျောင်း(၇၆)ကျောင်း သို့ KG တန်းမှ Grade- 11 အထိ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်ပေါင်း ၁၀၈၉၅ စုံနှင့် Grade-1 မှ Grade-4 အထိ ကျောင်းသား/ကျောင်းသူ(၇၁၉၀) အတွက် တစ်ဦးလျှင်(၁)ဒါဇင်နှုန်းဖြင့် စုစုပေါင်းဗလာစာအုပ် ဒါဇင် ၇၁၉၀ အား အခမဲ့ဖြန့်ဝေခဲ့ရာ ယနေ့အထိ ၈၀ရာခိုင်နှုန်း ဖြန့်ဝေခဲ့ပြီး ဖြစ်သည်။
အဆိုပါ စာအုပ်များအား ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်


