စုကလိ  ၁၅  ဇွန်

 

ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသော ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား စုကလိမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၈ နာရီက ပြန်လည်၍ စတင်ထိုးနှံပေးခဲ့သည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကလေးငယ်များ၌ ဖြစ်ပွားတတ်သော ရောဂါများအား ကာကွယ်ပေးနိုင်ရန် ပိုလီယိုရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများနှင့် ငါးမျိုးစပ် ကာကွယ်ဆေး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများနှင့် Vitamin A သံချဆေးတိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် စုကလိမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အသက်(၂)နှစ်အောက် ကလေးငယ်(၁၈၀)၊ ကိုယ်ဝန်ဆောင် (၁၄)ဦးတို့အားတိုက် ကျွေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

 

ပိုပိုအောင်(ပြန်/ဆက်)

 

mdn