၁၅ ဇွန်
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင်(၄)ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ(၅၁)ဦးကို တွေ့ရှိခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားသူ အားလုံးသည် မြို့တော်ရှိ အစားအစာများရောင်းချသည့် လက်ကားဈေး တစ်ခုနှင့်ဆက်စပ်နေကြောင်းသိရသည်။ စနေနေ့က ကူးစက်သူ(၃၆)ဦးကိုတွေ့ရှိခဲ့ပြီး တနင်္ဂနွေနေ့မနက်ပိုင်းတွင်လည်း နောက်ထပ်(၈)ဦးကို ထပ်မံတွေ့ရှိခဲ့ကာ ပြီးခဲ့သည့် ကြာသပတေးနေ့နှင့် သောကြာနေ့တို့တွင်လည်း ရောဂါကူးစက်သူ(၇)ဦးကိုတွေ့ရှိခဲ့သည်။ ရောဂါကူးစက်ခံရသူ (၅၁)ဦးစလုံးသည် လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်များရောင်းချသည့် ဈေးတွင်ဈေးဝယ်ခဲ့သူများ၊ အလုပ်လုပ်ကိုင်ခဲ့သူများ သို့မဟုတ် အခြားတစ်နည်းနည်းနှင့် ပါဝင်ပတ်သက်သူများ ဖြစ်တယ်လို့ ပေကျင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Credit#MRTV