တောင်ကြီး   ၁၅   ဇွန်     

 

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ မွန်းတည့်  ၁၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ ရုံးရှေ့ ကွင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းပွဲတွင် ပန်းဆေးပြည်သူ့စစ်ဌာနေအဖွဲ့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ Mask ( ၁၀ဝ၀ )ခု၊ PPE ကာကွယ်ရေးဝတ်စုံ (၁၀ဝ)စုံ၊ ဆရာဝန်သုံး ကာကွယ်ရေးမျက်မှန် ၁၀ဝ၊ ပိုးသတ်ဆေးရည် ၅ ဂါလန်ပုံး ၂၀ ၊ မီးသတ်ရေသယ်ဆေးဖျန်းမော်တော်ယာဉ်  Forland (၁)စီး ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ် ဝန်ကြီးများက လက်ခံရယူ၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ COVID-19 ကာကွယ်ရေးအတွက် ဆေးဖျန်းအသုံးပြုနိုင်ရန် ပြည်နယ်မီးသတ် ဦးစီးဌာနသို့ မော်တော်ယာဉ် (၁)စီးနှင့် ပိုးသတ်ဆေးရည် ပုံး ၂၀ ကို ပြန်လည်ပေးအပ်ခဲ့ရာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်မင်းက လက်ခံ ရယူခဲ့ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)