ရေစကြို ၁၅ ဇွန်
ရေစကြိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်ရှိ အမှတ်(၄)ရပ်ကွက်၊ လမ်းမတော်လမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းကို မေလ ၂၈ ရက်နေ့က စတင်၍ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ အမှတ်(၄)ရပ်ကွက်၊ လမ်းမတော်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို လမ်းအရှည် ၁၇၈၄ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၃ လက်မရှိသောလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၁၉.၃)သန်းဖြင့် လှိုင်းထက်ကမ္ဘာကုမ္ပဏီလီမိတက်က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အလားတူ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်ရှိ အမှတ်(၁) ရပ်ကွက်၊ မိုးကုတ်လမ်း၊ လမ်းအရှည် ပေ ၁၃၅၀၊ အကျယ် ၁၂ ပေ၊ ထုထည် ၃ လက်မနှင့် အမှတ် (၃)ရပ်ကွက်၊ မြို့သာလမ်း၊ လမ်းအရှည် ၁၆၈၄ ပေ၊ အကျယ် း ၁၂ ပေ၊ ၃ လက်မ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ အမှတ် (၂) ရပ်ကွက်၊ ရွှေဘုန်းပွင့်လမ်းအဆက် အပိုင်း(၂) လမ်းအရှည် ၂၁၇၈ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁၁ လက်မ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကိုလည်း လှိုင်းထက်ကမ္ဘာ ကုမ္ပဏီလီမိတက်က တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။
နွယ်နွယ်အောင်(ရေစကြို ပြန်/ဆက်)


