ကျောက်ထု ၁၅ ဇွန်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ နွားသိုးကျေးရွာရှိ ကွင်းအမှတ်(၄၉)တွင် ဈေးကွက်ဝင်ပဲတီစိမ်း ရေဆင်း(၁၁)မျိုးကို စမ်းသပ်စိုက်ပျိုးရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
“ပဲတီစိမ်းစိုက်ပျိုးရာတွင် တစ်ဧက မျိုးစေ့ခြောက်ပြည်မှ ရှစ်ပြည်ကြား ဝင်ဆန့်ပြီး တန်းကြား ၁၈လက်မ ပင်ကြား လေးလက်မ ထားစိုက်ပျိုးရပါတယ်။ သတ်မှတ်စိုက်ကွက်ပြည့်မီပြီး သိပ္ပံနည်းကျ စိုက်ပျိုးက တစ်ဧကထွက်နှုန်း(၁၅)တင်း နှင့်အထက်ရှိနိုင်ပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုအခါတွင် ကျောက်ထုဒေသ၌ ပဲတီစိမ်း တစ်တင်းလျှင် နှစ်သောင်းသုံးထောင်ကျပ်နှုန်း ပေါက်ဈေးရှိသည်။ ပဲတီစိမ်းမျိုးများတွင် ရေဆင်း(၉) ရေဆင်း(၁၁) နှင့် ရေဆင်း(၁၄)မျိုးတို့ရှိကြပြီး ရေဆင်း(၁၁)မျိုးကိုသာ အများဆုံးစိုက်ပျိုးကြသည်။
ပဲတီစိမ်းကို နိုင်ငံရပ်ခြားမှ ဝယ်ယူသူများရှိပါက ပိုမိုစျေးရရှိကြာင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကာလအတွင်း အရောင်းအဝယ်နည်းပါးသဖြင့် စျေးသိပ်မရကြောင်း ရောဂါကင်းစင်သွားပါက နိုင်ငံခြားမှ ဝယ်လက်များရှိပြီး စျေးပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးက ပြောကြားသည်။
မောဟေမာန် (ပြန်/ဆက်)


