ရန်ကုန်  ၁၅  ဇွန်

 

၂၀၂၀ ခုနှစ် ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းပသည်။

 

အစည်းအဝေးတွင် ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ၊ လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ် ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီနှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အလံတင် အခမ်းအနားကျင်းပရေး ဆပ်ကော်မတီတို့က ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ယခုနှစ် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားကို ယခင်နှစ်များကဲ့သို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး  လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ ထုတ်ပြန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်