ရန်ကုန်  ၁၅  ဇွန်

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း ဆောင်ရွက်ရမည့် စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း အသိပညာပေးသင်တန်းများကို ဇွန် ၁၄ ရက်က ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ် အုန်းပင်ကျေးရွာ၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ ရပ်ရွာလူထုများအား သင်တန်းပို့ချပေးလျက်ရှိသည်။

 

အဆိုပါ အသိပညာပေးသင်တန်းများကို ယခုနှစ် မေလမှစတင်ကာ ရန်ကုန်တိုင်းဒေကြီး ခရမ်းမြို့နယ်၊ သန်လျင်မြို့နယ်၊  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်များတွင် ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ရပ်ရွာလူထုစုစုပေါင်း ၁၉၇ ဦးတို့အား စာတွေ့/ လက်တွေ့ ပို့ချပေးခဲ့ပြီးဖြစ်ကာ အဆိုပါသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအောင်(MRCS)