လှည်းကူး  ၁၅  ဇွန်

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဒါးပိန်စည်ပင်သာယာဈေးအတွင်း ဈေးသူဈေးသားများနှင့် ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဒါးပိန်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ကိုလတ်၊ ဒါးပိန်ဈေးသာယာလှပရေး အကျိုးတော် ဆောင်အဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဈေးဆိုင်ခန်းများနှင့် ဈေးအတွင်းအပြင် လျှောက်လမ်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)