နေပြည်တော်  ၁၅  ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်မြို့၊ ဝမ်းတွင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး တင်ဝင်း ဦးစီးသည့် ပူးပေါင်းအဖွဲ့က ဇွန် ၁၄ ရက် ည ၇ နာရီစ၍ မြို့ပေါ်ရပ်ကွက်များအတွင်း ခိုးမှု၊ လုယက်မှုများ မဖြစ်ပေါ်စေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မှုခင်းလျော့နည်းကျဆင်းရေးအတွက် လှည့်ကင်း/ ဝပ်ကင်းများ ဆောင်ရွက်လျက်ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။
(သတင်းစဉ်)