မိုင်းဆတ်  ၁၆  ဇွန်

 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌  ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများမှ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဆိုက်ခေါင်ကျေးရွာနှင့် ကောင်းမှုတန်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၀ အုပ်စုတွင် အသက် ၁၈ နှစ် ပြည့်ပြီး  နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒရှင် ၄၃၂၃ ဦးရှိပြီး ယမန်နေ့ထိ ရပ်ကွက်၊ ကျေးရွာအုပ်စု ခြောက်အုပ်စုမှ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 

မြင့်မောင်(ပြန်/ဆက်)