ဇီးကုန်း  ၁၆ ဇွန်

 

လူမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား စေတနာ့ ဝန်ထမ်း(Volunteer)သင်တန်းကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြည်သူ့ခန်းမတွင် ယမန်နေ့က သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး  မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာ ဘိုဘိုအုပ်စိုးမြင့်က မိတ်ဆက်စကားနှင့် သင်တန်းဆရာဝန်များကို တစ်ဦးချင်း မိတ်ဆက်ပေးခဲ့သည်။ 

 

ထို့နောက် သင်တန်းဆရာများမှ စေတနာ့ဝန်ထမ်းတာဝန်နှင့် လုပ်ငန်းလမ်းညွှန်ချက်များ၊  စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်းနှင့် ရောဂါကာကွယ်ခြင်းနည်းလမ်းများ စသည့်ခေါင်းစဉ်များဖြင့် သင်ကြားပို့ချပေးခဲ့ကြသည်။

 

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းမှ စေတနာ့ဝန်ထမ်း ၃၇ ဦး တက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်သူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်းပြုစုထုတ်ဝေသော “စေတနာ့ဝန်ထမ်းသင်တန်းလက်စွဲစာအုပ်” များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်