ဝန်းသို  ၁၆  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဝန်းသို)တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း(Grade-4)သင်ရိုးသစ် မြို့နယ်အဆင့်သင်တန်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီက  ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ ၄၀၂ ဦးတို့အား သင်တန်းနည်းပြ ၄၀နှင့် ကြီးကြပ်သူ ၂၀ တို့က ဇွန်လ ၁၅ရက်နေ့မှ ၂၁ရက်ထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၄နာရီထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

 

သင်တန်းပို့ချပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးအတွက် စာသင်ခန်းတစ်ခန်း လျှင် သင်တန်းသား ၂၀ နှုန်းဖြင့် ကျောင်းခန်း ၂၀ စီစဉ်ထားရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျောင်းပေါက်ဝအဝင်တွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးဂျယ်ဖြင့် လက်ဆေးစေခြင်း၊ နှာခေါင်းစည်းတပ်ဆင်စေခြင်းတို့ကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)