မဘိမ်း  ၁၆  ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေခြင်း လှုပ်ရှားမှု Mask Campaign ကို မဘိမ်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ဦးဆောင်၍ ယမန်နေ့က မဘိမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်းများက လမ်းသွားလမ်းလာပြည်သူများအား အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်ကြရန် အသိပညာပေးပြီး ကိုဗစ်-၁၉ ဗီနိုင်းပိုစတာများ ပြသခြင်း၊ လူထုဗဟိုပြုစီမံကိန်း သတင်းအချက်အလက်များ မျှဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး လူထုဗဟိုပြုစီမံကိန်းမှ လျှော်ဖွတ်အသုံးပြု၍ရသော Mask အခုရေ ၁၀၀၀ ကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ကိုကိုအောင်(မဘိမ်း)