ကွန်ဟိန်း ၁၆ ဇွန်
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စားသောက် ဆိုင်များ၊လက်ဖက်ရည်ဆိုင် များ သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်း ချမှု ရှိ/မရှိ စစ်ဆေးခြင်းအား ယနေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူများ လိုက်နာရမည့် စည်းကမ်း ချက်များအတိုင်း ဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေးခြင်း ၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး ပိုစတာများ ဖြန့်ဝေပေးခြင်း များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ စစ်ဆေးခြင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိန်ဝင်း၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)


