မိုးမောက်   ၁၆   ဇွန်

 

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ  Quarantine စင်တာများအတွက် WFP (world Food Programme)၏ အစီအစဉ်ဖြင့် လှူဒါန်းသော ဆန်အိတ်များထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်း တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက် WFPမှ လှူဒါန်းပေးသော လူတစ်ဦးလျှင် ဆန် ၅ ပြည်နှင့်နို့ဆီဘူး ၂ လုံးနှုန်းဖြင့်  စုစုပေါင်း ဆန်အိတ် ၉၉ အိတ်နှင့် ၂ ပြည်ကို မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၅ အုပ်စုမှ Quarantine စင်တာများအတွက်နှင့် လွယ်ဂျယ်မြို့၊ ဒေါ့ဖုန်းယန်မြို့များရှိ Quarantine စင်တာများရှိ ပြည်သူများအတွက် စုစုပေါင်း လူဦးရေ ၄၇၈ ဦးအတွက်ကို တက်ရောက်လာသောကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့အုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

 

လွန်းနန်းထွေး